Sticky.io : Take And Access Notes In The Cloud, On Any Google Talk Enabled Device

on Thursday, November 15, 2012

Online မှာ မှတ်စုတွေသိမ်းထားပြီး သင်ရောက်တဲ့ နေရာကနေ ဖတ်ရှုအသုံးပြုချင်ရင်တော့ Sticky.io ဆိုတဲ့ free web service ကို သုံးကြည့်ပါ။နောက်ပြီး မှတ်စုတွေ ရေးဖို့ အတွက် အဲဒီဆိုက်ကို သွားစရာမလို ဘဲ Google Talk ကနေပဲ အလွယ်တကူ ရေးမှတ်နိုင်တဲ့အတွက် ပိုပြီးအဆင်ပြေပါတယ်။  ဖတ်ရှုအသုံးပြုချင်မှသာ အဲဒီဆိုက်မှာ သွားပြီးဖတ်ရှုအသုံးပြုနိုင်ပါတယ်။

ပထမဆုံး Sticky.io မှာ ကိုသွားပြီး sign in with google ကိုနှိပ်ပြီး သင့် google အကောင့်နဲ့  sign in လုပ်ပါ။ပြီးရင် permission ပေးပြီးရင် သင့် gtalk မှာ Sticky.io bot ကို accept လုပ်ပေးဖို့ ပြောပါလိမ့်မယ်။ Accept လုပ်ပေးပါ။ဒါဆိုရင် သင်ရေးမှတ်ချင်တဲ့မှတ်စုတွေကို gtalk က Sticky.io bot မှာရေးမှတ်ပြီးသိမ်းထားနိုင်ပါပြီ။

1

Sticky.io ဆိုက်မှာ မှတ်စုတွေကို @home,@work,@school စသဖြင့်ခွဲခြားထားပြီး +Add a Notebook ကိုနှိပ်ပြီး notebook အသစ်ဖန်တီးနိုင်ပါတယ်။အဲဒီ notebook တွေမှာသီးသန့် မှတ်သားဖို့ အတွက် ဥပမာအားဖြင့်  @home notebook မှာ မှတ်စုရေးဖို့ အတွက်  gtalk မှာသင်အောက်က ဖော်မတ်အတိုင်းရေးပြီးသိမ်းထားနိုင်ပါတယ်။

2

Checkout Sticky.io @ www.sticky.io

2 comments:

စိမ့်စမ်းရေ said...

ရောက်ခဲ့ပါတယ်ဦးလေးရေ... ကြည့်ရုံတင်ကြည့်သွားပါတယ်။

thu ya said...

ကျေးဇူးတင်ပါတယ် အဖွားရယ် .....(နောက်တာပါ)

Post a Comment