How To Convert A Video Into GIF Animation Format

on Wednesday, November 21, 2012

Video ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းချင်ရင်တော့ freeware တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။Video file တွေဖြစ်တဲ့ mp4,avi,mpeg,wmv စတဲ့ ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ movie to animated gif converter ပါ။တစ်ခြား movie ဖိုင်တွေကိုအပေါ်ကဖိုင်ဖောက်မက် တွေအဖြစ်ပြောင်းလဲနိုင်ဖို့  Converters တွေလည်းတင်ပေးထားပါတယ်။Movie to animated gif converter ကဖိုင်ဆိုက်ကလည်း (70) kb ၀န်းကျင် သာရှိပြီးသေးငယ်ပြီးအသုံးပြုရတာလွယ်ကူတဲ့  အပြင် Install လုပ်စရာမလို တဲ့ portable အမျိုးအစားပါ။

Movie to animated gif converter ကို run ပြီးရင် Open Movie ကိုနှိပ်ပြီး movie ဖိုင်ကို ရွေးပေးပါ။Movie တစ်ကားလုံးကနေသင်ကြိုက်နှစ်သက်တဲ့အပိုင်းကိုပဲ ရွေးပြီး gif ဖိုင်ပြုလုပ်ဖို့  start point and end point သတ်မှတ်ပေးရမှာပါ။Start point သတ်မှတ်ဖို့  slider bar နှစ်ခုထဲက အပေါ်က slider bar ကိုအသုံးပြုပြီး နေရာရွေးပါ။ပြီးရင် ဘယ်ဘက်ထောင့်က   {   (start button)  ကိုနှိပ်ပါ။End point ကိုသတ်မှတ်ဖို့ ကိုလည်း အပေါ်က slider bar ကိုပဲအသုံးပြုနေရာသတ်မှတ်ပေးပြီး   }   (end button) နှိပ်ပေးပါ။

1

Save Frame ကိုနှိပ်ပြီး gif ဖိုင်အနေနဲ့ သိမ်းပါ။Frame size ကို လည်းရွေးနိုင်ပါတယ်။သိမ်းမယ့်နေရာကို ရွေးပေးပြီး ok နှိပ်ပါ။ဖိုင်ဆိုက်အကြီးအသေးပေါ်မူတည်ပြီးအချိန်ကြာမြင့်ပါလိမ့်မယ်။ပြီးရင်တော့ သင့် movie ဖိုင် ဟာ gif ဖိုင်အနေနဲ့ ရရှိပါလိမ့်မယ်။

2

Download Movie To Animated GIF Converter @ www.evanolds.com/movtogifsimple.html

0 comments:

Post a Comment