PanicButton : Quickly Hide Chrome Tabs & Restore Them Later With A Password

on Tuesday, November 20, 2012

သင့် ရဲ့  privacy ကိုကာကွယ်ပေးနိုင်တဲ့ chrome extension တစ်ခုပါ။သင့်ရဲ့  online banks ,credit cards စတဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေသိမ်းထားတဲ့ဆိုက်တွေကြည့်နေတုန်း တစ်ခြားတစ်ယောက်ရောက်လာခဲ့ရင် အလျှင်မြန်ဆုံး tabs တွေကို hide လုပ်ပေးနိုင်ပါတယ်။ ပြီးမှ ပြန်ပြီး restore လုပ်ပေးနိုင်တဲ့ chrome extension တစ်ခုပါ။

Extension ကို install လုပ်ပြီးရင် extension page ကိုသွားပြီး PanicButton option ထဲကိုဝင်ပါ။PanicButton ရဲ့  keyboard shortcut ကိုသတ်မှတ်ပေးနိုင်သလို tabs တွေကို restore လုပ်တဲ့အချိန်မှာ password protection ထားနိုင်ပါတယ်။PanicButton နှိပ်လိုက်တဲ့အချိန်မှာ မကွယ်ဝှက်ဘဲထားရှိနိုင်မယ့် safe page တွေကိုလည်းသတ်မှတ်ထားနိုင်ပါတယ်။Tabs တွေကို hide လုပ်ပြီးတဲ့အချိန်မှာ browser မှာ PanicButton ကို ကွယ်ဝှက်ထားချင်ရင်တော့ hide PanicButton toolbar icon after activation ဆိုတဲ့ option မှာ yes ရွေးပေးပါ။

2

Browser က PanicButton ကိုနှိပ်ပြီး tabs တွေကို hide လုပ်ပြီးရင် restore လုပ်ဖို့ အတွက် PanicButton ကိုပြန်နှိပ်ပြီး password ရိုက်ထည့်ပြီး အလွယ်တကူ restore လုပ်နိုင်ပါတယ်။

3

Checkout PanicButton @ https://chrome.google.com/webstore/detail/faminaibgiklngmfpfbhmokfmnglamcm

0 comments:

Post a Comment