Google Keep : Notes & To-Do Lists For Web & Android

on Tuesday, March 26, 2013

ashampoo 01

Google က  မှတ်စုမှတ် နိုင်တဲ့ service တစ်ခု ဖြစ်တဲ့ Google Keep ကို စတင်ဝန်ဆောင်မှုပေးလိုက်ပါပြီ။သင့်မှာ Google account တစ်ခု ရှိရင် Google Keep ကို သုံးနိုင်ပါတယ်။Text တွေ အပြင် image,voice တွေကို ပါ မှတ်စုမှတ်နိုင်ပါတယ်။သင့် android phone ကနေ Google Keep ကို အသုံးပြုနိုင်ဖို့  android application ကို ပါ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Web Service နဲ့  android application နှစ်ခု မှာ မှတ်ထားတဲ့ notes တွေကို sync လုပ်နိုင်ပါတယ်။

Google Keep ကို web ကနေ အသုံးပြုနိုင်ဖို့ https://drive.google.com/keep/ ကို သွားပါ။Google Drive Domain ကို အသုံးပြုထားပေမယ့် notes တွေကို Google Drive မှာ တွေ့ မြင်ရမှာ မဟုတ်ပါဘူး။Text တွေအပြင် Image တွေကို ပါ မှတ်စုအနေနဲ့ မှတ်သားထားနိုင်ပါတယ်။နောက်ပြီး notes တွေကို အရောင်တွေ သတ်မှတ်ပြီးသိမ်းနိုင်ပါတယ်။Google Drive မှာ သိမ်းထားတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် သင့် မှတ်စုတွေကို သင်ဘယ်နေရာရောက်ရောက်အသုံးပြုနိုင်ပါတယ်။

Keep

Android Phone ကနေ အသုံးပြုဖို့  Google Keep ကို Google Play Store မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Android version 4.0.3 နဲ့ အထက် ဖုန်း တွေ မှာသာဒေါင်းလုပ်လုပ် အသုံးပြုနိုင်ပါတယ်။Android version မမီတဲ့ သူတွေ အတွက် Dropbox (or) Mirrorcreator ကနေဒေါင်းလုပ်လုပ်နိုင်ဖို့ တင်ပေးထားပါတယ်။

keep-picturekeep-picture

0 comments:

Post a Comment