on Sunday, March 17, 2013

သင့်ကွန်ပြူတာမှာ အသစ်တပ်ဆင်ပြီးအသုံးပြုနေတဲ့ device တွေ ဟာ ကောင်းကောင်း ချိတ်ဆက်ပြီးအလုပ်မလုပ်တော့ရင်ဖြစ်ဖြစ် ကွန်ပြူတာ ခနခန freeze ဖြစ်နေရင်ဖြစ်ဖြစ် သင့်ကွန်ပြူတာမှာ မလိုအပ်ဘဲ အင်စတောလုပ်ထားတဲ့ device driver တွေကို ဖြုတ်ပစ်သင့်ပါတယ်။မလိုအပ်တဲ့ device driver တွေ အင်စတောလုပ်ထားခြင်းဟာ သင့် ကွန်ပြူတာကို နှေးကွေးစေပါတယ်။

ုMy Computer ပေါ်မှာ right click နှိပ်ပြီး Properties ကိုနှိပ်ပါ။ဘယ်ဘက်က Advanced system settings ကိုနှိပ်ပါ။Advanced tab ကိုသွားပြီး Environment Variables ကို နှိပ်ပါ။နောက် ၀င်းဒိုးမှာ New ကိုနှိပ်ပြီး Variable name နေရာမှာ  “ devmgr_show_nonpresent_devices “  ကို ရိုက်ပြီး Variable Value နေရာမှာ 1 ကို ရိုက် ပါ။ပြီးရင် OK သုံးခါနှိပ်ပြီး System Properties ကို ပိတ်ပါ။

ashampoo 05

Start menu ကနေ “devmgmt.msc” ကိုရိုက်ပြီး device manager ကိုဖွင့်ပါ။View အောက်က Show hidden devices ကိုနှိပ်ပါ။Other devices အောက် မှာ အရောင်မှိန်ဖျော့ဖျော့ ဖြစ်နေတဲ့ မလိုအပ်ဘဲအင်စတောလုပ်ထားတဲ့ device driver တွေကို တွေ့ မြင်ရမှာပါ။အဲဒီ device တွေ ပေါ်မှာ right click နှိပ်ပြီး Uninstall ကိုနှိပ်ပါ။

1

1

ကလေးတွေ အတွက် ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ software တစ်ခုပါ။Desktop ကို ကလေးတွေ ကြိုက်နှစ်သက်မယ့်  ကာတွန်းပုံတွေ နဲ့ အလှဆင်ထားပါတယ်။Magic desktop နဲ့  ရိုးရိုး Desktop ကြားမှာပြောင်းလဲသုံးနိုင်ပါတယ်။ကလေး တွေ ကို စာသင်ပေးနိုင်မယ့်  learning program , paint program,write program တွေ အဆင်သင့်ပါရှိပါတယ်။ game pad ပါရှိပြီးအသင့်ကစားနိုင်မယ့် game များပါရှိပါတယ်။No Homework No Game  ဖြင့် ကလေးတွေ ရဲ့  game ကစားမှုကို ကန့် သတ်ထားနိုင်ပါတယ်။သီးသန့် browser ပါရှိပြီး ကလေး  တွေ ကြည့်ရှုမယ့်ဆိုက်  တွေ ကို ကြိုတင်ထည့်  သွင်း သတ်မှတ် ပေး ထား နိုင်ပါတယ်။ Email program,Music Program လည်းပါရှိပါတယ်။ Windows စတက်တက်ခြင်းမှာ Magic Desktop ကို တန်းတက်အောင်လည်းပြုလုပ်နိုင်ပါတယ်။

The Safest PC Playground
Magic Desktop – the World's best software for kids between ages 2 and 10! Magic Desktop provides a safe way to share computers with children. It functions as an operating system on Windows-based PCs that is both child-proof and child-friendly.
Computer Protection
Magic Desktop is the first thing kids see when the computer is turned on, and accessing the regular Windows screen requires a parent-selected password. Magic Desktop protects your system settings and important data files from accidental kid-interference, ensuring your PC will always work when you return.
Parental Control
Not only can you control which programs kids can access, you can also control when and how kids access the approved programs. For example, you can condition their ability to play games upon finishing their homework, completing their chores, or succeeding in our educational programs. Once your child masters the multiplication table and earns enough bonus points he or she can gain access to the puzzle or Internet. "No Homework-No Play!" technology becomes your virtual babysitter.
Play & Learn
Magic Desktop creates a fun and safe environment where kids can learn to use a PC at their own pace. The child-friendly design is perfect for those tiny little hands while the collection of included programs is suitable for all ages. Our educational and entertainment programs challenge kids to solve problems, make mistakes, try again, and succeed!
Easy Write – Fun and easy writing program
Easy Learning – Mathematics and English exercises
Easy Paint – Fun drawing, picture colouring and image editing program
Gamepad – A large collection of kids computer games
My First Music – Kids learn to play the piano and other instruments. Develop your child's inner – Beethoven!
And many more...
Safe Internet
My First Browser is the safest Internet browser for kids that exists! You can pick kid-friendly websites and allow your kids to visit only those parent-approved sites. You won't have to worry about what they are doing online, or any unwanted exposures. Parents also get the complete Internet activity history for further peace-of-mind.
Kid's E-mail
Magic Mail is the world's first secure e-mail program designed specifically for kids. Parents administer the kid's address book; kids cannot send or receive e-mails from unknown persons. E-mails from unknown addresses are quarantined and require parental approval. In addition, Magic Mail is completely virus and SPAM protected.

Download Magic Desktop Premium 3 with crack (54)mb from  Dropbox  (or) Mirrorcreator

2

on Saturday, March 16, 2013

1

Android applications,android games တွေကို သင့် ၀င်းဒိုးကွန်ပြူတာမှာ အသုံးပြုနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ ဆော့ဝဲတစ်ခုပါ။ဒီလို ဆော့ဝဲတစ်ခုဖြစ်တဲ့  BlueStacks App Player  အကြောင်းရေးပေးဖူးပါတယ်။Ipad applications တွေကို ၀င်းဒိုးကွန်ပြူတာမှာ သုံးချင်ရင်တော့ Ipadian ဆောင်းပါးကို ဖတ်ပါ။BlueStacks က freeware ပါ။YouWave ကတော့ paid software ပါ။Patch ကို အသုံးပြုပြီး full version ဖြစ်အောင်လုပ်ပြီးသုံးနိုင်ပါတယ်။YouWave 4.0.2 မှာ Android Version 4.0.4(ICS) ကို အသုံးပြုထားတာဖြစ်တဲ့အတွက် သင့် android phone မှာ Android Version မမီလို့ အသုံးပြုလို့ မရတဲ့ ဆော့ဝဲတွေကို youwave မှာအသုံးပြုနိုင်ပါတယ်။သင့် ကွန်ပြူတာကဖိုင်တွေ နဲ့  youwave ကဖိုင်တွေ ကို အပြန်အလှန် ပေးပို့ အသုံးပြုနိုင်ဖို့ အတွက် youwave က SD card ကို အသုံးပြုနိုင်ပါတယ်။App data တွေကို SD card မှာသိမ်းထားနိုင်တဲ့အတွက် game တွေကို save လုပ်ပြီးဆော့နိုင်ပါတယ်။Multiplayer Online Game တွေ ဆော့နိုင်ပါတယ်။Windows XP/Vista/7, 32/64 bit စတဲ့ os တွေ မှာသုံးနိုင်ပါတယ်။

Key Technical Features

Supports Android 4.0 ICS (Home Version new) and 2.3 Gingerbread (Basic Version)

Runs on Windows XP/Vista/7, 32/64 bit

Send and receive pictures from/to your hard drive (new)

Simulated SD card functionality - enables app data saving

Saved State - enables fast restart

Enables multi-player online games

Dynamic rotating - phone-like instant response

Volume control buttons

Retractable control panel

Download YouWave 4.0.2 (150) mb   from  Dropbox  (or)  Mirrorcreator

Download Patch from  Dropbox 

How To Use YouWave

Android applications တွေကို YouWave မှာ အင်စတောလုပ်ဖို့ အတွက် windows explorer က C:\users\username\youwave အောက်မှာ android app( .apk) ဖိုင်တွေကို ထားပေးပါ။Youwave က View >Redraw Icons ကို နှိပ်ပြီး ခနစောင့်ပါ။အိုင်ကွန်တွေ ပေါ်လာရင် double click နှိပ်ပြီး အင်စတောလုပ်ပါ။ဒါဆိုရင် youwave မှာ android application တွေ အသုံးပြုလို့ ရပါပြီ။နောက်တစ်နည်းက View>Online Content အောက်မှာ app store application တွေကို ဒေါင်းလုပ်လုပ်ပြီးအဲဒီ app store တွေ ကနေ applications တွေ ကို ဒေါင်းလုပ်လုပ်ပြီးသုံးနိုင်ပါတယ်။YouWave ရဲ့ SD card ကို သုံးဖို့ အတွက် windows explorer က C:\users\public အောက်မှာ ဖိုင်တွေကို ပို့ ထားရင် youwave ကနေ Open Manager>sdcard>C  အောက်ကနေ သုံးနိုင်ပါတယ်။အပြန်အလှန်အားဖြင့် youwave ကဖိုင်တွေကို သင့် ကွန်ပြူတာကို ပေးပို့ ပြီးသုံးနိုင်ပါတယ်။

ashampoo 01

Note:  သင့်ကွန်ပြူတာမှာ  VirtualBox လို ဆော့ဝဲတွေ အင်စတောလုပ်ထားရင် BlueStacks ,YouWave  စတဲ့ softwareတွေကအလုပ်မလုပ်နိုင်ပါဘူး။YouWave ရဲ့  Developer က  အကြံပေးထားတာက Virtualbox လို ဆော့ဝဲတွေ ကွန်ပြူတာမှာ  အသုံးပြုနေရင် အဲဒီ ဆော့ဝဲတွေကို အရင် uninstall လုပ်ပြီးမှ YouWave ကို အသုံးပြုနိုင်မှာပါ။ဒါမှမဟုတ် Virtualbox မှာ အင်စတောလုပ်ထားတဲ့ Guest Windows OS မှာ YouWave ကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။

on Friday, March 15, 2013

ISO ဖိုင်ဆိုတာ CD/DVD အခွေ က ဖိုင်တွေကို ပေါင်းစုပြီး ဖိုင်တစ်ခု အနေနဲ့  ပြုလုပ်ထားတဲ့ Disk Image ဖိုင်အမျိုးအစားတစ်ခု ပါ။  အင်တာနက်ကနေ Windows OS တွေကို ဒေါင်းလုပ်ရရှိတဲ့အခါမှာ ISO ဖိုင်အနေနဲ့ ရရှိတတ်ပါတယ်။အဲဒီ အခါကျရင် ရရှိလာတဲ့ ISO ဖိုင်ကို CD/DVD မှာ ဘန်းပြီးတော့ Windows ကို အင်စတောလုပ်နိုင်ပါတယ်။CD/DVD မ သုံးဘဲ  USB Stick  ကနေလည်းအင်စတောလုပ်နိုင် ဖို့ အတွက်လည်း ISO ဖိုင်ကို သုံးနိုင်ပါတယ်။ Windows 7 နဲ့  8 မှာတော့ ISO ဖိုင်တွေကို တစ်ခြားဆော့ဝဲတွေ သုံးစရာမလိုဘဲ ဘန်းနိုင်ပါတယ်။တစ်ခြား Windows OS တွေ မှာ တော့ ISO ဖိုင်တွေကို ဘန်းဖို့  third party software တွေကို သုံးရမှာပါ။ISO ဖိုင်တွေကို ဘန်းပေးနိုင်တဲ့ Burner တွေကိုလည်းတင်ပေးထားပါတယ်။

Burning ISO In Windows 7 & 8

CD/DVD အခွေ အလွတ် ကို drive ထဲထည့်ပါ။Windows Explorer ကနေ ISO ဖိုင်ပေါ်ကို right click နှိပ်ပြီး Burn disc image ကိုနှိပ်ပါ။

ashampoo 02

နောက်တစ်ဆင့်မှာတော့ CD/DVD drive ကိုရွေးပေးပြီး Burn ကိုနှိပ်ပါ။ဘန်းပြီးတဲ့ အခါမှာ verify လုပ်ချင်ရင်တော့ “Verify disc after burning” ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပါ။

1

ဘန်းပြီးတဲ့အခါမှာတော့ အောက်ကပုံမှာလို မြင်တွေ့ ရမှာပါ။

2

Using ImgBurn

ဒီ ဆောင်းပါးမှာတော့  ImgBurn  ဆိုတဲ့ freeware ကို သုံးပြီး ISO ဖိုင်တွေကိုဘန်းနည်းကို ရေးပေးပါမယ်။CD/DVD အခွေကို drive ထဲထည့်ပြီး ImgBurn ကို run ပြီး Write image file to disc ကိုနှိပ်ပါ။

ashampoo 03

နောက်အဆင့်မှာ Source နေရာမှာ  iso ဖိုင် ကိုရွေးပေးပါ။Destination နေရာမှာ cd/dvd drive ကိုရွေးပေးပါ။ပြီးရင်အောက်ဆုံးက  Write button ကိုနှိပ်ပါ။

ashampoo 04

ဒါဆိုရင် iso ဖိုင်ကို cd/dvd မှာ စပြီးဘန်းပါပြီ။

1

ဘန်းပြီးသွားရင်တော့ အောက်ကပုံမှာလို မြင်တွေ့ နိုင်ပါတယ်။

2

on Monday, March 11, 2013

1

Windows built-in password reset feature ကို အ သုံး ပြု ပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ဆော့ဝဲကို အသုံးပြုပြီး password reset ချနည်းကိုလည်းရေးပေးပြီးပါပြီ။ဒီလို windows password reset disc တွေကို အသုံးပြုဖို့ သင် နောက်ထပ် ကွန်ပြူတာတစ်လုံးကို အသုံးပြုရမှာပါ။အခု ပြောပြမယ့်နည်းက password reset disc လည်းအသုံးပြုစရာမလို တဲ့ အတွက် နောက်ထပ် ကွန်ပြူတာတစ်လုံးမရှိဘဲနဲ့ သင့် windows password ကို reset လုပ်နိုင်မှာပါ။သင့်မှာလို အပ်တာက Windows Installer CD/DVD တစ်ခုပါပဲ။

Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။

2 

Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။

3

အောက်က command နှစ်ကြောင်းကို  တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။

copy c:\windows\system32\sethc.exe c:\

copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။

4

Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။

5

အောက်က command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset လုပ်နိုင်ပါတယ်။

net user username MyNewPassword

Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။

ပြီးရင်အပေါ်မှာ  နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။

copy c:\sethc.exe c:\windows\system32\sethc.exe

1

Windows 8 မှာ အသစ်ပါရှိလာတဲ့ file history အကြောင်းရေးချင်ပါတယ်။ Windows 7  က windows backup နေရာမှာအစားထိုး လာတာဖြစ်ပါတယ်။Windows 7 က windows backup က သင့်ဝင်းဒိုး က ဖိုင်တွေ ဖိုဒါတွေ အကုန်လုံးကို backup လုပ်ပေးနိုင်ပါတယ်။File history ကတော့ library ထဲက ဖိုင်တွေ ဖိုဒါတွေကို ပဲ backup လုပ်ပေးနိုင်ပါတယ်။ဒါပေမယ့် file history က သင့်ဖိုင်တွေ ဖိုဒါတွေကို အချိန်ပြည့်စောင့်ကြည့် backup လုပ်ပေးနိုင်ပြီး အချိန်အပိုင်းအခြားအလိုက်ဖိုင်တွေ ကို restore လုပ်ပေး နိုင်ပါတယ်။ဥပမာ အားဖြင့်  သင် ဖိုင် တစ်ခု ကို edit လုပ်လိုက်တယ်ဆိုပါစို့ ။ File history က edit မလုပ်ခင်ကဖိုင် ရော edit လုပ်ပြီးတဲ့ဖိုင်ကို ပါ သိမ်းပေးထားတာဖြစ်တဲ့အတွက် သင့် ဖိုင်တွေကို အချိန်အပိုင်းအခြားအလိုက် ပြန်ပြီး restore လုပ်နိုင်ပါတယ်။

Setting Up File History

သင့် external hard drive ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။Control Panel>System and Security>File History ကိုနှိပ်ပါ။သင့် drive ကို တွေ့ မြင်ရရင် Turn On ကို နှိပ်ပါ။

2

Turn On ကို နှိပ်ပြီးပြီးခြင်းမှာပဲ Libraries (Documents, Music, Pictures, and Videos) ကဖိုင်တွေ ဖိုဒါတွေကို save လုပ်နေတာတွေ့ ရမှာပါ။

3

Save လုပ်ပြီးရင် Save လုပ်ထားတဲ့ ရက်စွဲနဲ့ အချိန်ကို သင်တွေ့ မြင်နိုင်ပါတယ်။

ashampoo 03

ဘယ်ဘက် က Advanced settings ကို နှိပ်ကြည့်ရင် အချိန်အပိုင်းအခြား ဘယ်လောက်မှာ တစ်ခါ file version တွေကို သိမ်းမလဲဆိုတာကိုသင်ရွေးချယ်နိုင်ပါတယ်။သင်သတ်မှတ်တဲ့ အချိန် အပိုင်းအခြားရောက်တိုင်း file version တွေကို အလိုလိုသိမ်းပေးနေမှာပါ။ အချိန်ကာလကြာလာတာနဲ့ အမျှ သင့် file version တွေဟာလည်းများပြားလာမှာဖြစ်ပြီး မလိုအပ်တော့တဲ့ file version တွေကို အလိုလို ဖျက်ပစ်ဖို့  Clean up versions ကို သုံးနိုင်ပါတယ်။Clean up versions ကိုနှိပ်ပြီး အချိန်အပိုင်းအခြား တစ်ခု အကြာက file version တွေကို အလိုလို ဖျက်ပစ်ဖို့ အချိန် သတ်မှတ်နိုင်ပါတယ်။ပြီးရင် Save Changes ကိုနှိပ်ပါ။

ashampoo 05

Restoring Files

သင်ဖိုင်တစ်ခု ကို မတော်တဆမှားဖျက်မိတယ်ဆိုပါစို့ ။File history ကို အသုံးပြုပြီး မှားဖျက်မိတဲ့ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။Control Panel>System and Security>File History>Restore personal files  ကိုနှိပ်ပါ။

ashampoo 06

နောက်ပေါ်လာတဲ့ ၀င်းဒိုးမှာ အချိန်အပိုင်းအခြားအလိုက်သိမ်းထားတဲ့ file version အရေအတွက်နဲ့ အချိန် တွေကို တွေ့ မြင်နိုင်ပါတယ်။အောက်မှာတွေ့ ရတဲ့  ဘယ်  ညာ မျှားကို သုံးပြီး အရင်ရက်တွေ က သိမ်းထားတဲ့ ဖိုင်တွေကို ပြန်ရှာနိုင်ပြီး သင်မှားဖျက်မိတဲ့ ဖိုင်ကို ပြန်ပြီးသိမ်းနိုင်ပါတယ်။ဖိုင်တွေ အားလုံးကို တစ်ပြိုင်နက် restore လုပ်ဖို့ အတွက် အစိမ်းရောင် button ကိုနှိပ်နိုင်ပါတယ်။မှားဖျက်မိတဲ့ ဖိုင်တွေအပြင် edit လုပ်လိုက်တဲ့ဖိုင်တွေကိုလည်း edit မလုပ်ခင် က file version ကိုပြန်အသုံးပြုနိုင်ဖို့  file history ကအသုံးဝင်ပါတယ်။

ashampoo 07

on Sunday, March 10, 2013

1

Android devices တွေက  system applications တွေကို ဖြုတ်ပေးနိုင်တဲ့ application တစ်ခုပါ။ဒီ application ကို သုံးဖို့ သင့် android device ဟာ root လုပ်ထားဖို့ လို ပါတယ်။Android device တွေကို root လုပ်ပေးနိုင်တဲ့ One click root tool တွေ ဖြစ်တဲ့ Unlock Root နဲ့ SRS Root  ကို တင်ထားပေးပါတယ်။

Root App Delete (Uninstaller) ကနေ SysApp ကှိုနှိပ်ရင် သင့် ဖုန်း က system applications တွေကို တွေ့ မြင်နိုင်ပြီးသင်ဖြုတ်ချင်တဲ့ system application ကို တစ်ချက်နှိပ်ပါ။ပြီးရင် Disable ကိုနှိပ်ပါ။

Moborobo20130310175358Moborobo20130310175639

Recycler ကို နှိပ်ပါ။အဲဒီ မှာ သင် အပေါ်မှာ disable လုပ်ထားတဲ့ system application ကို တွေ့ ရမှာဖြစ်ပြီး တစ်ချက်နှိပ်ပါ။Uninstall ကိုနှိပ်ပြီး ဖြုတ် နိုင်သလို Enable ကို နှိပ်ပြီး ပြန်အသုံးပြုနိုင်ပါတယ်။

Moborobo20130310181137

Download Root App Delete(Uninstaller)